Search BOU's Itinerary

Wednesday, December 14, 2011

ဘန်ကောက်->အယုဒ္ဓယ->ကမ္ဘောဒီးယား(အန်ကောဝပ်) ဘုရားဖူးခရီးစဉ်

Economy Tour for Thai-Cambodia
Day 1
ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်မှ ညနေပိုင်းလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး၊ နှစ်သက်ရာ တည်းခိုခန်း သို့မဟုတ် ဟိုတယ်တွင် တည်းခို အနားယူပါမည်။


Day 2
နံနက်စာ သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့တွင်းရှိ မြဘုရား၊ ဘုရင့်နန်းတော်၊ ဝပ်ဖို၊ ရွှေဘုရား၊ တောင်ပေါ်ဘုရား၊ ဧရာဝဏ်နတ်ကွန်း(လေးမျက်နှာဘုရား)တို့ကို သွားရောက်ပါမည်။



Day 3
မနက်စောစော ကမ္ဘောဒီးယားသွားသို့ ကားဖြင့် ဘန်ကောက်မှ ထွက်ခွါပါမည်။
ကမ္ဘောဒီးယားနိုင်ငံ အန်ကော်ဝပ်ဘုရားကျောင်းတော်များရှိရာ ဆီးမရပ်စ်မြို့သို့ ညနေပိုင်းရောက်ရှိပြီး၊ တည်းခိုဆောင် သို့မဟုတ် ဟိုတယ်တွင် ခေတ္တနားပါမည်။ ညပိုင်းတွင် ညနေစာ သုံးဆောင်ကြကာ ညဈေးတွင် ဈေးဝယ်ကြပြီး တည်းခိုရာနေရာသို့ ပြန်ကာ အနားယူ အိပ်စက်ပါမည်။

Day 4
နံနက်စာ သုံးဆောင်ပြီးနောက် အန်ကောဝပ်ဘုရားကျောင်းဝင်းသို့ သွားရောက်ပါမည်။ ဘုရားကျောင်းတော်ဝင်းအတွင်း အန်ကောဝပ်၊ ဘေယွန်၊ တပ်ဖရွန်၊ တောင်တံခါးဂိတ်နှင့် ညနေဆည်းဆာကြည့်ရန် တောင်ပေါ်သို့ သွားရောက်ပါမည်။ ဘုရားကျောင်းတော်မှ ပြန်လာပြီး တည်းခိုဆောင်တွင် ခေတ္တအနားယူပြီးနောက် ညနေစာသုံးဆောင်ကြမည်။ ညပိုင်း ဆီးမရပ်စ်မြို့တွင်း လှည့်လည်ကြည့်ရှုကြပြီးနောက် တည်းခိုဆောင်သို့ ပြန်ကာ အနားယူ အိပ်စက်ကြပါမည်။

အောင်စူဋ္ဌာမဏိစေတီတော်၊ ပိုင်လင်းမြို့၊ ကမ္ဘောဒီးယားနိုင်ငံ။

Day 5 
အောင်စူဠာမဏိစေတီတော်ရှိရာ ပိုင်လင်းမြို့သို့ သွားရောက်ပြီး ထိုမြို့တွင် တစ်ညတည်းခိုပါမည်။

Day 6
နံနက်စာစားသုံးပြီးနောက် တည်းခိုခန်းမှ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မြို့သို့ ကားဖြင့်သွားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ညနေပိုင်းတွင် ပြန်ရောက်ပါမည်။ 

Day 7
နံနက် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပါမည်။


ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ

  • ထိုင်း-မြန်မာလေယာဉ်လက်မှတ်သွားပြန်
  • တည်းခိုအခန်း သို့မဟုတ် ဟိုတယ်
  • နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ထိုင်းဗီဇာနှင့် ကမ္ဘောဒီးယားဗီဇာ
  • ခရီးစဉ်တွင်ပါဝင်သော နေရာများကို သွားမည့် ကားခများ
  • ခရီးစဉ်တလျှောက်လုံးတွင် လိုက်ပါကူညီစီစဉ်ပေးမည့်သူတစ်ဦး 
ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ၊ စားသောက်စရိတ်များ
(အရက်၊ဘီယာ၊ အခြားအဖျော်ယမကာများ စသည်)
  • လေယာဉ်စရိတ်

    No comments:

    “မြန်မာလူမျိုးများအတွက် ထိုင်းနိုင်ငံမှ bliss of us အဖွဲ့၏ ဝန်ဆောင်မှုများ”

    ခရီးစဉ်များ စီစဉ်ပေးခြင်း -

    ထိုင်းနိုင်ငံ ဗီဇာ -

    လေယာဉ်လက်မှတ် -