Search BOU's Itinerary

Monday, December 2, 2013

Bangkok - Siam Reap Itineary (2N/3D)


Day 01: Bangkok to Siam Reap
ဘန်ကောက်မြို့မှ မနက်ပိုင်း ကားဖြင့် ထွက်ခွါကြပြီး နယ်စပ်သို့ နေ့လည်ပိုင်းတွင် ဆိုက်ရောက်ပါမည်။ နယ်စပ်တွင် နေ့လည်စာ စားသုံးပြီးနောက် ထိုင်းနိုင်ငံသို့ ပြန်ဝင်ခွင့် (re -entry permit) ပြုလုပ်ကြပြီးနောက် ကမ်ဘောဒီးယားနိုင်ငံ ဝင်ခွင့်ဗီဇာကို နယ်စပ်တွင် ရယူပါမည်။
ကမ်ဘောဒီးယားနိုင်ငံ နယ်စပ် Poi Pet မြို့မှ ကားဖြင့် Siam Reap မြို့ကို ညနေပိုင်းတွင် ရောက်ရှိပါမည်။
ညနေပိုင်းတွင် Old Market နှင့် ညပိုင်း Siam Reap မြို့တွင်း လှည့်လည်ကြည့်ရှုကြပြီး ဟိုတယ်တွင် ညအိပ်အနားယူမည်။


Day 02: Angkor Temple in Siam Reap

နံနက်စာ သုံးဆောင်ပြီးနောက် Siam Reap မြို့တွင်းရှိ Angkor Temple များသို့  ကားဖြင့် တနေ့တာ လည်ပတ်သွားကြပြီးနောက် ညနေပိုင်းတွင် ဟိုတယ်သို့ပြန်ကာ ညအိပ်အနားယူမည်။


Day 03: Siam Reap - Bangkok

နံနက်စာ သုံးဆောင်ပြီးနောက် Siam Reap မြို့မှ ထွက်ခွါကြပါမည်။ ထိုင်းနှင့် ကမ်ဘောဒီးယားနိုင်ငံများ၏ immigration များကို ဖြတ်သန်းကြပြီးနောက် နယ်စပ်တွင် နေ့လည်စာသုံးဆောင်ကြပါမည်။ ပြီးနောက် ကားဖြင့် ဘန်ကောက်မြို့သို့ ဆက်လက်ထွက်ခွါလာကြပြီး ညနေပိုင်းတွင် ဘန်ကောက်မြို့သို့ဆိုက်ရောက်မည်ဖြစ်ပါသည်။

Siam Reap မြို့ရှိ တည်းခိုရန် အိပ်ခန်းဆောင်၊
မနက်စာ ဘူဖေးဖြင့် ပျော်ရွှင်ချမ်းမြေ့စွာ လည်ပတ်ရန် စီစဉ်ပေးပါသည်။


ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
  • Visa & Re-entry Fees
  • Bangkok-Siam Reap သွားပြန်ကားငှားခ သို့မဟုတ် ကားလက်မှတ်
  • ဘုရားကျောင်းဝင်းအတွင်း ကားအကြိုအပို့
  • Angkor Temple ဝင်ကြေး
  • ***hotel
  • ဧည့်လမ်းညွှန် (မြန်မာ)

ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်အတွင်း မပါဝင်သော ခရီးစဉ်နှင့် နေရာများ၊
  • အခြားဝင်ကြေးများ၊
  • အခြားသောအစားအသောက်အဖျော်ယမကာများ

 ဧည့်သည်(၃)ဦးအတွက် နှစ်ညအိပ် သုံးရက်ခရီးစဉ် စီစဉ်ပေးထားပါသည်။ 

ခရီးစဉ်အစအဆုံးအတွက် ဧည့်သည်တစ်ဦးလျှင် $(360)ဖြစ်ပါသည်။

Tuesday, October 22, 2013

လေးညအိပ် ငါးရက် ဘန်ကောက် - အယုဒ္ဓယ - ပတ္တရား ခရီးစဉ်



Day 01: Arrival Bangkok
ရန်ကုန်မြို့မှ ဘန်ကောက်မြို့သို့ ညနေပိုင်းလေယာဉ်ဖြင့် ရောက်ရှိကြပြီး ဟိုတယ်တွင် ညအိပ်အနားယူမည်။






Day 02: Bangkok - Grand Place - City & Temples

နံနက်စာ သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့တွင်းရှိ ဘုရားပုထိုး စေတီများသို့ လည်ပတ်ရန်အတွက် ကားဖြင့် မြို့ထဲသို့ သွားပါမည်။ မြဘုရားနှင့် ရွှေနန်းတော်၊ ရွှေဆင်းတုရုပ်ပွါးတော် အစစ်နှင့် တောင်ပေါ်ဘုရားတို့ ဖူးမျှော်ကန်တော့ကြပြီးနောက် ဟိုတယ်သို့ပြန်ကာ ညအိပ်အနားယူမည်။





Day 03: Bangkok - Ayudhaya - Bangkok

နံနက်စာ သုံးဆောင်ပြီးနောက် အယုဒ္ဓယမြို့သို့ ကားဖြင့် သွားကြပြီး Wat Yoi, Wat Mahathat, Wat Takarong & Wat Dhamma Kan (ကမ္ဘာကျော်ထေရဝါဒ ထိုင်းသာသနာရေးအဖွဲ့အစည်း) နေရာများကို လှည့်လည်ကြည့်ရှု  လေ့လာကြမည်။ ညနေပိုင်းတွင် ဘန်ကောက်မြို့သို့ ကားဖြင့် ပြန်လာပြီး၊ ဟိုတယ်အခန်းတွင် ညအိပ်အနားယူမည်။




Day 04: Pattaya Beach

နံနက်စာ သုံးဆောင်ပြီး Pattaya သို့ ကားဖြင့် သွား၍
NONG NOOCH Garden, Elephant show, Culture Show နှင့်
 လေဆာပစ်ဘုရား၊ ပတ္တရားမြို့၏ View Point တို့ကို လေ့လာကြည့်ရှူကြပါမည်။
ညပိုင်းတွင် ဘန်ကောက်သို့ ကားဖြင့် ပြန်လာပြီးနောက် ဟိုတယ်တွင် ညအိပ်အနားယူမည်။




Day 05: Shopping & Departure

MBK Shopping Mall တွင် မနက်ပိုင်းဈေးဝယ်ကြပါမည်။

 နေ့လည်(၁၂) နာရီတွင် ဟိုတယ်မှ check out ပြုလုပ်ပြီး ထိုင်းနိုင်ငံ နိုင်ငံတကာလေဆိပ်မှ 

Bankok Airway လေယာဉ်ဖြင့် ရန်ကုန်မြို့သို့ ပြန်လည်ထွက်ခွာပါမည်။ 



ဝန်ဆောင်မှုတွင် ပါဝင်သောအရာများ
  • ထိုင်းဗီဇာကြေး
  • Bangkok Air လေယာဉ်လက်မှတ်သွားပြန်
  • ခရီးစဉ်အတွင်း ကားအကြိုအပို့
  • ခရီးစဉ်အတွင်း နေ့လည်စာနှင့် ညစာ သုံးဆောင်ရန် စီစဉ်ပေးထားပါသည်။
  • ခရီးစဉ်ဝင်ကြေးများ
  • ***hotel
  • ဧည့်လမ်းညွှန် (မြန်မာ)

ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်အတွင်း မပါဝင်သော ခရီးစဉ်နှင့် နေရာများ၊
  • ဝင်ကြေးများ၊
  • အခြားသောအစားအသောက်အဖျော်ယမကာများ

 ဧည့်သည်()ဦးအတွက် လေးညအိပ် ငါးရက်ခရီးစဉ် စီစဉ်ပေးထားပါသည်။ 

ခရီးစဉ်အစအဆုံးအတွက် ဧည့်သည်တစ်ဦးလျှင် မြန်မာကျပ်ငွေ(၇၀၀,၀၀၀)သိန်းဖြစ်ပါသည်။

“မြန်မာလူမျိုးများအတွက် ထိုင်းနိုင်ငံမှ bliss of us အဖွဲ့၏ ဝန်ဆောင်မှုများ”

ခရီးစဉ်များ စီစဉ်ပေးခြင်း -

ထိုင်းနိုင်ငံ ဗီဇာ -

လေယာဉ်လက်မှတ် -