Search BOU's Itinerary
Showing posts with label Burmese. Show all posts
Showing posts with label Burmese. Show all posts
Monday, February 6, 2012
ဘန်ကောက်မြို့ ဘုရားဖူးခရီးစဉ်နှင့် ရေအောက်ကမ္ဘာ
ဘန်ကောက်မြို့ကို ရောက်လာခဲ့ပြီး ဘုရားဖူးမယ်၊ မိကျောင်းကန်ကို သွားလည်မည့်အပြင် ရေအောက်ကမ္ဘာကိုပါ လှည့်လည်ကြည့်ရှုနိုင်မည့် အစီစဉ်လေးတွေ ရေးပေးလိုက်ပါတယ်။
Day 1: Wat Emerald Buddha & Grand Palace and Crocodile 
 ဟိုတယ်မှာ မနက်စာစားပြီးနောက်  မြဘုရားနှင့် နန်းတော်သို့ သွားကြပါမည်။
မြဘုရားဝင်ကြေးမှာ ဧည့်သည်တစ်ဦးလျှင် ဘတ်(၄၀၀)ဖြစ်ပါသည်။
 ပြီးနောက် အဆင်သင့်သော နေရာတစ်ခုတွင် နေ့လည်စာ စားသုံးကြပြီး မိကျောင်းကန်သို့ သွားကြပါမည်။
ဘန်ကောက်မြို့တွင်း တစ်နေ့တာဘုရားဖူးအစီအစဉ်များ
အထက်ပါလင့်ကို နှိပ်၍ ဘုရားဖူးခရီးစဉ်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။
မိကျောင်းကန်တွင် မိကျောင်းပြပွဲအပြင် ဆင်လိမ္မာပြပွဲ မျောက်လိမ္မာပြပွဲများကိုပါ လေ့လာကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကျားနှင့် အခြားသော တိရစ္ဆာန်များကိုပါ ပြသထားပါသည်။ မိကျောင်းသရေအစစ်ဖြင့် ချုပ်ထားသော အသုံးအဆောင်ပစ္စည်းများကိုလည်း ဝယ်ယူနိုင်ပါသည်။ မိကျောင်းကန်လက်မှတ်မှာ ဘတ် (၃၀၀)ဝန်းကျင်ဖြစ်ပါသည်။ 
Day 2: Under Water World
ရေအောက်ကမ္ဘာကြည့်ရှုလေ့လာရာတွင် တင်ဆက်ပုံများပေါ်မူတည်၍ လက်မှတ်အမျိုးမျိုးရှိရာ ဧည့်သည်များအနေဖြင့် နှစ်သက်ရာ အစီစဉ်နှင့် ဈေးနှုန်းကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ လက်မှတ်များမှာ ဘတ် (၅၀၀ မှ ၁,၅၀၀)အထိ ရှိကြပါသည်။
ရေအောက်ကမ္ဘာတွင် တစ်နေ့တာ လက်မှတ်မဟုတ်ပဲ အချိန်ပိုင်းလက်မှတ်ကိုသာ ယူထားမည်ဆိုပါလျှင် ယင်းနေ့ အချိန်ပိုပါက ရွှေဘုရားနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက် ဘုရားဖူးနိုင်ရန် စီစဉ်ပေးပါမည်။
နှစ်ရက်တာအစီအစဉ်အတွက် ဧည့်သည် (၇)ယောက်စီးနိုင်သည့် ကားဖြစ်ပြီး ကားခနှင့် ဘာသာပြန်ခမှာ ဘတ်(၆,၅၀၀)ဖြစ်ပါသည်။ ဟိုတယ်ခများမှာ နှစ်ယောက်တစ်ခန်းလျှင် အနည်းဆုံး ဘတ်(၈၀၀ မှ ၁,၂၀၀)ဖြစ်ပါသည်။ ခရီးစဉ်တွင်း ဝင်ကြေးနှင့် စားသောက်များကို ကားသမားနှင့် ဘာသာပြန်ကိုပါ ဧည့်သည်ဘက်မှ ကုန်ကျခံရမည်ဖြစ်ပါသည်။
ယခုခရီးစဉ်အတွက် ဈေးနှုန်းများသည် ဖေဖေါ်ဝါရီနှင့် မတ်လ-၂၀၁၂ခုနှစ်အတွက်ဖြစ်ပါသည်။
Monday, January 30, 2012
ဘန်ကောက်မြို့မှ မိသားစုအလိုက် နေ့ချင်းပြန်သွားနိုင်သော ခရီးစဉ်များ
“ဘန်ကောက်မြို့၏ မြောက်ဘက်ရှိ မြန်မာနှင့်ထိုင်းတို့အတွက် တန်ဖိုးထားရသော သမိုင်းရှေးဟောင်းဝင်မြို့တော် အယုဒ္ဓယမြို့”
 န်ကောက်မြို့အနီး တစ်နေ့တာ နေ့ချင်းပြန် သွားလည်နိုင်မယ့် ဘုရားဖူးခရီးအဖြစ် အယုဒ္ဓယမြို့ကို သွားမယ်ဆိုရင်တော့ အကောင်းဆုံးပါပဲ။ မိသားစုသွားလည်မယ့်ထဲမှာ လူကြီးတွေလည်း ပါမယ်ဆိုရင် ဘုရားဖူးအပန်းဖြေခရီးအဖြစ် ဒီခရီးစဉ်လေးက အဆင်ပြေစေနိုင်ပါတယ်။ ဘန်ကောက်မြို့မှ မနက် (၇)နာရီခွဲလောက် ထွက် အယုဒ္ဓယမြို့ကို မနက်(၉)နာရီလောက်ဆို ရောက်ပါပြီ။ သွားရင်းလာရင်း အပေါ့အပါးလည်း လွယ်ကူစွာသွားလို့ ရနိုင်တာကြောင့် လူကြီးတွေအတွက် အဆင်ပြေစေနိုင်တာပေါ့။ 
အယုဒ္ဓမြို့နဲ့ ပတ်သက်ပြီး လေ့လာနိုင်မယ့် လင့်ဖြစ်ပါတယ် 
---------------------------------------------------ဝဝဝ------------------------------------------
“ဘန်ကောက်မြို့၏ အရှေ့မြောက်ဘက်ရှိ ဆာရာဘူရီ”
ဆာရာဘူရီမြို့မှာတော့ အီတလီကျေးရွာငယ် ပုံစံတူ အပန်းဖြေစခန်း၊ ရေတံခွန်နဲ့ ဘုရားများစွာရှိပါတယ်။ 
ဗဟုသုတအဖြစ်ဖတ်ချင်တယ်ဆိုရင် ဒီလင့်လေးကို လေ့လာနိုင်ပါတယ်
------------------------------------------------ဝဝဝ--------------------------------------
“ဘန်ကောက်မြို့၏ အရှေ့ဘက်ရှိ ပတ္တရားမြို့”
ပတ္တရားမြို့မှာ နာမည်ကျော် အပန်းဖြေကမ်းခြေရှိတဲ့အပြင် ပတ္တရားမြို့ရဲ့ နာမည်ကျော်လေဆာပစ်ဘုရားကိုလည်း ဖူးမျှော်နိုင်တဲ့အပြင် ကမ်းခြေမြို့ရဲ့ စည်ကားမှုများမြင်တွေ့ရမှာဖြစ်ပါတယ်။ ပတ္တရားမြို့သွားရင်း TigerTemple ကိုလည်း စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါသေးတယ်။ 
ပတ္တရားမြို့မှ တောင်ပေါ်ဘုရား
အထက်ပါ တနေ့တာခရီးစဉ်များက မိသားစုတို့အတွက် အပန်းဖြေဘုရားဖူးခရီးစဉ်များဖြစ်ပါတယ်။
နှစ်သက်သော ခရီးစဉ်များကို ရွေးချယ်နိုင်ပါကြောင်း သတင်းစကားလက်ဆင့်ပါးလိုက်ပါရစေ...
လေးစားစွာဖြင့်
bliss of us
Friday, December 30, 2011
ကော်စမွေကျွန်းနှင့် ကော့ဖငံကျွန်းများခရီးစဉ်
“လူဦးရေ (၁၀)ဦးအတွက် (၃)ညအိပ် (၄)ရက်ခရီးစဉ်”
10-JAN-2012: ညနေပိုင်းတွင် ခရီးသည် (၁၀)ဦးဆန့်သော အငှားကားဖြင့် ဘန်ကောက်မြို့မှ စတင်ထွက်ခွါပါမည်။ လမ်းတွင် ညနေစာ ကျွေးပါမည်။ 
လမ်းတွင် ကားဖြင့် ကော်စမွေကျွန်းနှင့် အနီးဆုံးရှိရာ ဆူရဌာနီမြို့မှာ ဇက်ဖြင့် ကျွန်းကို ကူးပါမည်။ 
11-JAN-2012: မနက်ပိုင်းကော်စမွေကျွန်းရှိ တည်းခိုခန်းသို့သွားမည်၊ မနက်စာစားပြီးနောက် အောက်ပါအစီအစဉ်အတိုင်း ကျွန်းတွင် လည်ပတ်ကြပါမည်။
ကော်စမွေကျွန်းမှာ လည်ပတ်ရန်အတွက် စိတ်ဝင်စားဖွယ်နေရာများ
The Big Buddha: တောင်ပေါ်ဘုရား 
 ကျောက်ဖို-ကျောက်မ ကမ်းခြေ
ကမ်းခြေတွင် အပန်းဖြေခြင်းနှင့် ရှုခင်းသာသို့ လေညှင်းခံကြမည်။
ညစာ စားပြီးနောက် ညပိုင်း ကော်စမွေကျွန်း၏အလှကို လှည့်လည်ကြည့်ရှုကြမည်။
12-JAN-2012: ကော့ဖငံကျွန်းပတ်အစီအစဉ်အတိုင်း တနေ့တာ လည်ပတ်ရန်ဖြစ်ပါတယ်။ 
13-JAN-2012: ညပိုင်း ကားမစီးခင် ကော်စမွေကျွန်းတွင် ထွက်ရပ်ပေါက်ဆရာတော်ကြီး (အရှင်ထွက်)ရှိရာ ဘုန်းကြီးကျောင်း၊ အန်းကုန်းဘိုးဘိုးနှင့် ကွမ်ရင်မယ်တော်သို့ သွားရောက်ကြည်ညိုမည်။
အန်းကုန်းဘိုးဘိုးနှင့် ကွမ်ရင်မယ်တော်
----------------------------------------------------------ဝဝဝ------------------------------------
ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ
  • တည်းခိုအခန်း
  • နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ခရီးစဉ်တွင်ပါဝင်သော နေရာများကို သွားမည့် ကားခများ
  • ခရီးစဉ်တလျှောက်လုံးတွင် လိုက်ပါကူညီစီစဉ်ပေးမည့်သူတစ်ဦး 
ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ၊ စားသောက်စရိတ်များ
(အရက်၊ဘီယာ၊ အခြားအဖျော်ယမကာများ စသည်)
  • လေယာဉ်စရိတ်
  • ထိုင်းဗီဇာ
Wednesday, December 14, 2011
ဘန်ကောက်->အယုဒ္ဓယ->ကမ္ဘောဒီးယား(အန်ကောဝပ်) ဘုရားဖူးခရီးစဉ်
Economy Tour for Thai-Cambodia
Day 1
ရန်ကုန်အပြည်ပြည်ဆိုင်လေဆိပ်မှ ညနေပိုင်းလေယာဉ်ဖြင့် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ ရောက်ရှိပြီး၊ နှစ်သက်ရာ တည်းခိုခန်း သို့မဟုတ် ဟိုတယ်တွင် တည်းခို အနားယူပါမည်။
Day 2
နံနက်စာ သုံးဆောင်ပြီးနောက် ဘန်ကောက်မြို့တွင်းရှိ မြဘုရား၊ ဘုရင့်နန်းတော်၊ ဝပ်ဖို၊ ရွှေဘုရား၊ တောင်ပေါ်ဘုရား၊ ဧရာဝဏ်နတ်ကွန်း(လေးမျက်နှာဘုရား)တို့ကို သွားရောက်ပါမည်။
Day 3
မနက်စောစော ကမ္ဘောဒီးယားသွားသို့ ကားဖြင့် ဘန်ကောက်မှ ထွက်ခွါပါမည်။
ကမ္ဘောဒီးယားနိုင်ငံ အန်ကော်ဝပ်ဘုရားကျောင်းတော်များရှိရာ ဆီးမရပ်စ်မြို့သို့ ညနေပိုင်းရောက်ရှိပြီး၊ တည်းခိုဆောင် သို့မဟုတ် ဟိုတယ်တွင် ခေတ္တနားပါမည်။ ညပိုင်းတွင် ညနေစာ သုံးဆောင်ကြကာ ညဈေးတွင် ဈေးဝယ်ကြပြီး တည်းခိုရာနေရာသို့ ပြန်ကာ အနားယူ အိပ်စက်ပါမည်။
Day 4
နံနက်စာ သုံးဆောင်ပြီးနောက် အန်ကောဝပ်ဘုရားကျောင်းဝင်းသို့ သွားရောက်ပါမည်။ ဘုရားကျောင်းတော်ဝင်းအတွင်း အန်ကောဝပ်၊ ဘေယွန်၊ တပ်ဖရွန်၊ တောင်တံခါးဂိတ်နှင့် ညနေဆည်းဆာကြည့်ရန် တောင်ပေါ်သို့ သွားရောက်ပါမည်။ ဘုရားကျောင်းတော်မှ ပြန်လာပြီး တည်းခိုဆောင်တွင် ခေတ္တအနားယူပြီးနောက် ညနေစာသုံးဆောင်ကြမည်။ ညပိုင်း ဆီးမရပ်စ်မြို့တွင်း လှည့်လည်ကြည့်ရှုကြပြီးနောက် တည်းခိုဆောင်သို့ ပြန်ကာ အနားယူ အိပ်စက်ကြပါမည်။
အောင်စူဋ္ဌာမဏိစေတီတော်၊ ပိုင်လင်းမြို့၊ ကမ္ဘောဒီးယားနိုင်ငံ။
Day 5 
အောင်စူဠာမဏိစေတီတော်ရှိရာ ပိုင်လင်းမြို့သို့ သွားရောက်ပြီး ထိုမြို့တွင် တစ်ညတည်းခိုပါမည်။
Day 6
နံနက်စာစားသုံးပြီးနောက် တည်းခိုခန်းမှ ထိုင်း-ကမ္ဘောဒီးယားနယ်စပ်မြို့သို့ ကားဖြင့်သွားပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့သို့ ညနေပိုင်းတွင် ပြန်ရောက်ပါမည်။ 
Day 7
နံနက် လေယာဉ်ဖြင့် မြန်မာနိုင်ငံသို့ ပြန်ပါမည်။
ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ
  • ထိုင်း-မြန်မာလေယာဉ်လက်မှတ်သွားပြန်
  • တည်းခိုအခန်း သို့မဟုတ် ဟိုတယ်
  • နံနက်စာ၊ နေ့လည်စာ၊ ညစာ
  • ထိုင်းဗီဇာနှင့် ကမ္ဘောဒီးယားဗီဇာ
  • ခရီးစဉ်တွင်ပါဝင်သော နေရာများကို သွားမည့် ကားခများ
  • ခရီးစဉ်တလျှောက်လုံးတွင် လိုက်ပါကူညီစီစဉ်ပေးမည့်သူတစ်ဦး 
ဝန်ဆောင်မှုတွင် မပါဝင်သောအရာများ
  • ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ၊ စားသောက်စရိတ်များ
(အရက်၊ဘီယာ၊ အခြားအဖျော်ယမကာများ စသည်)
  • လေယာဉ်စရိတ်
    Monday, December 12, 2011
    (၃) ညအိပ် (၄) ရက်အတွက် ထိုင်းနိုင်ငံသို့ အပန်းဖြေခရီးစဉ်
    (လေယာဉ်အချိန်ပေါ်တွင် မူတည်ပြီး သွားရန်နေရာများကို ပြောင်းလဲပေးပါမည်)
    Day 1 - Temple & Shopping
    ဘန်ကောက်မြို့သို့ မနက်ပိုင်းလေယာဉ်ဖြင့် ရောက်ရှိခဲ့ပါလျှင် တည်းခိုဆောင်၌ ခေတ္တနားနေပြီးနောက် နေ့လည်စာသုံးဆောင်ရန် မြို့ထဲသို့ သွားပါမည်။ ထို့နောက် ဘန်ကောက်မြို့တွင်း မြဘုရားနှင့် ဈေးဝယ်သွားရန် စီစဉ်ပေးပါမည်။ ပြီးနောက် တည်းခိုဆောင်တွင် ညအိပ်အနားယူမည်။
    Day 2 - Pattaya Beach
်
    နံနက်စာ စားသောက်ပြီး Pattaya သို့ ကားဖြင့် သွား၍ ညပိုင်းတွင် ဘန်ကောက်သို့ ကားဖြင့် ပြန်လာပြီးနောက် အခန်းတွင် ညအိပ်အနားယူမည်။
    Day 3 -  Kachanaburi - River Kwae Bridge 
    ကချနဘူရီမြို့ရှိ ထင်ရှားသော မရဏတံတားကို သွားရောက်လေ့လာပြီးနောက် Tiger Temple သို့သွားရောက်လည်ပတ်ပါမည်။ ညပိုင်းတွင် ဘန်ကောက်သို့ ကားဖြင့် ပြန်လာပြီးနောက် အခန်းတွင် ညအိပ်အနားယူမည်။
    Day 4 - (BKK)
    လေယာဉ်ချိန်ပေါ်မူတည်ပြီး အချိန်ရခဲ့ပါလျှင် ဘန်ကောက်မြို့တွင်းသို့ ဈေးဝယ်နိုင်ရန် ပို့ဆောင်ပေးပါမည်။
    ခရီးစဉ်အတွင်း ပါဝင်သော ဝန်ဆောင်မှုများ
    • ထိုင်း-မြန်မာလေယာဉ်လက်မှတ်သွားပြန်
    • တည်းခိုအခန်း သို့မဟုတ် ဟိုတယ်
    • နံနက်စာ၊ နေ့လည်စာ၊ ညစာ
    • ထိုင်းဗီဇာနှင့် ကမ္ဘောဒီးယားဗီဇာ
    • ခရီးစဉ်တွင်ပါဝင်သော နေရာများကို သွားမည့် ကားခများ
    • ခရီးစဉ်တလျှောက်လုံးတွင် လိုက်ပါကူညီစီစဉ်ပေးမည့်သူတစ်ဦး 
    • ခရီးစဉ်တွင် မပါဝင်သော လည်ပတ်မှုများ၊ စားသောက်စရိတ်များ
    (အရက်၊ဘီယာ၊ အခြားအဖျော်ယမကာများ စသည်)
    • လေယာဉ်စရိတ်
    “မြန်မာလူမျိုးများအတွက် ထိုင်းနိုင်ငံမှ bliss of us အဖွဲ့၏ ဝန်ဆောင်မှုများ”
    ခရီးစဉ်များ စီစဉ်ပေးခြင်း -
    ထိုင်းနိုင်ငံ ဗီဇာ -
    လေယာဉ်လက်မှတ် -