Search BOU's Itinerary

Monday, April 28, 2014

Princess Suphankalaya (ထိုင်းမင်းသမီး ဆုပန်ကလျာ)

According to Thai history, at the fall of Ayutthaya in 1569, Thai Princess Suphankalaya together with her younger brothers (among them Prince Naresuan) was taken to Hansawaddy ( Bago ) as hostages by Myanmar King Bayint Naung. There, she became King Bayint Naung's royal consort.
Unlike most people believe, King Bayint Naung did not destroy the City of Ayutthaya, instead he renovated the temples and pagodas of Ayutthaya and he even built a pagoda near the walls of Ayutthaya. Bayint Naung let King Mahadhamarajathiraj ( the father of Suphankalaya) reigned Ayutthaya during the years 1569-1574 as a vassal to Myanmar. Suphankalaya is the grand daughter of the famous Thai Queen Suriyothai of Ayutthaya who died in 1548, defending Ayutthaya against the invading Myanmar forces of King Tapin-Shweti. Suphankalaya is also revered as the elder sister of Prince Naresuan, a 16th-century Thai prince who killed an invading Myanmar prince in the battle. When the dead prince's father, King Nanda Bayin, heard the news, he demanded a revenge. He ordered that Suphankalaya, his hostage and consort, be tortured to death. It is a fine story, unfortunately, it may not be true. The princess appears in no school history books of Thailand. Until recently, she has been forgotten by the public and historians for over 400 years.
Ayutthaya was completely destroyed in 1767 by the Myanmar King Sin Byu Shin of Kon Baung Dynasty.
Ref: http://www.myanmar-image.com/myanmar/history/suphan/

 


ဆင်ဖြူရှင်ဟာ (၁၇၆၄) မှာ ယိုးဒယားကို တိုက်ခိုက်သိမ်းယူတယ်။ ဒီနေရာမှာ ဆင်ဖြူရှင် ယိုးဒယားကို တိုက်ခိုက်တာမရေးခင် ယိုးဒယားနဲ့မြန်မာ အရင်ကဖြစ်ပျက်ခဲ့တဲ့ စစ်ရေး၊ နိုင်ငံရေးနဲ့ ဆက်ဆံရေးအခြေ အနေတချို့ကို ရေးချင်သေးတယ်။

အဲဒါကတော့ ယိုးဒယားကို ဘုရင့်နောင်သိမ်းယူပြီးတဲ့နောက် ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင်လက်ထက် ကျတော့ ယိုးဒယားနဲ့မြန်မာ စစ်လေးကြိမ်ဖြစ်တယ်။ (၄) ကြိမ်စလုံးမြန်မာတွေရှုံးနှိမ့်ခဲ့ပြီး နောက်ဆုံးအကြိမ် ယိုးဒယားဘုရင် ဗြနရာဇ် (ဖရနရေဆုအင်) နဲ့ နန္ဒဘုရင်ရဲ့သားတော် မဟာဥပရာဇာတို့ ဆင်စီးချင်းထိုးကြ ရာမှာ မဟာဥပရာဇာ ကျဆုံးခဲ့ရတယ်။ အဲဒီမဟာဥပရာဇာဆိုတာ သမိုင်းမှာထင်ရှားတဲ့ ဘုရင့်နောင်ရဲ့ သမီးတော် ရာဇဓာတုကလျာရဲ့မောင်တော် အိမ်ရှေ့မင်းဖြစ်တယ်။

ယိုးဒယားတွေက ယိုးဒယားသူရဲကောင်း ဘုရင်မင်းမြတ်အနေနဲ့ ယိုးဒယားသမိုင်းမှာ ဂုဏ်ယူဖော်ပြနေကြတဲ့ ဗြနရာဇ်ဆိုတာကလည်း တခြားသူမဟုတ်ပါဘူး။ ဘုရင့်နောင်က ယိုးဒယားကနေဟံသာဝတီကို မွေးစားသား အဖြစ် ခေါ်ဆောင်လာခဲ့တဲ့ မင်းသားပဲဖြစ်ပါတယ်။ သူ့ဖခင်ကတော့ ဘုရင့်နောင်အပေါ်သစ္စာခံခဲ့လို့ ဘုရင့်နောင်က ယိုးဒယားဘုရင်အဖြစ်ထီးနန်းပေးခဲ့တဲ့ စော်ဘွားသောင်ကျည်ပါ။

သမိုင်းမှာထင်ရှားတဲ့ ဘုရင့်နောင်မြတ်နိုးတော်မူလို့မိဖုရားမြှောက်ခဲ့တဲ့ ယိုးဒယားမိဖုရား ဆုပန်ကလျာ ဆိုတာကလည်း ယိုးဒယားဘုရင် စော်ဘွားသောင်ကျည်ရဲ့သမီး၊ ဗြနရာဇ်ရဲ့ အစ်မတော်ပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဘုရင့်နောင် ယိုးဒယားကိုသိမ်းယူခဲ့ပေမယ့် ယိုးဒယားတွေက ဘုရင့်နောင်အပေါ် အမုန်းမထား ဘဲ စကြဝတေးမင်းလိုသတ်မှတ်ကာ သူတို့ရဲ့ယိုးဒယားသမိုင်းစာအုပ်တွေမှာ ဘုရင့်နောင်အကြောင်း၊ ဘုရင့်နောင်မှာ ကောင်းမြတ်တဲ့ ဖြောင့်မတ်တဲ့ စိတ်ရင်းစိတ်ကောင်းရှိတာတွေနဲ့ သူရဲကောင်းအာဇာနည် မင်းကောင်းမင်းမြတ်ဖြစ်တာတွေကိုရေးသားမှတ်တမ်းတင် ဖော်ပြခဲ့ကြတာတွေဘဲဖြစ်တယ်။

ဘုရင့်နောင်ရဲ့သားတော် နန္ဒဘုရင်နဲ့ ယိုးဒယားမင်းဗြနရာဇ်တို့လက်ထက်ကြတော့ မြန်မာနဲ့ ယိုးဒယား အဆင်မပြေကြတော့ပါဘူး။ ယိုးဒယားသမိုင်းမှာ နန္ဒဘုရင်ကို ဘုရင့်နောင်လိုဖြောင့်မတ်မှန်ကန်မှုမရှိဘူး၊ မရိုးသားဘူးလို့ ဆိုပါတယ်။ ဘုရင့်နောင်ရဲ့မိဖုရား ဆုပန်ကလျာသေရတာလည်း နန္ဒဘုရင်လက်ချက်လို့ ရေးသားခဲ့ပါတယ်။




“မြန်မာလူမျိုးများအတွက် ထိုင်းနိုင်ငံမှ bliss of us အဖွဲ့၏ ဝန်ဆောင်မှုများ”

ခရီးစဉ်များ စီစဉ်ပေးခြင်း -

ထိုင်းနိုင်ငံ ဗီဇာ -

လေယာဉ်လက်မှတ် -