Japan allows multiple-visas for Myanmar
- Published: 15 Jan 2014 at 20.57
TOKYO - Japan has issued multiple-entry visas
for Myanmar nationals, as part of efforts to increase Myanmar visitors
to Japan and expand bilateral exchanges, the Japanese Foreign Ministry
said.
A multiple visa, effective Wednesday, will be valid for up to three
years, allowing a bearer to stay in Japan for up to 15 days in a single
visit. So far, Myanmar nationals were required to obtain single-entry
visas to enter Japan.The measure came as the two countries mark the 60th anniversary of diplomatic relations this year.
In a meeting with Myanmar President Thein Sein in December in Tokyo, Japanese Prime Minister Shinzo Abe pledged about 63 billion yen in new loans to Myanmar to develop a special economic zone, upgrade a railway network and promote other infrastructure projects.
The two governments also signed a bilateral investment treaty to boost Japanese investment in the Southeast Asian country.
Credit: bangkokpost
ဂျပန်အစိုးရဟာ မြန်မာနိုင်ငံကို ဗီဇာခွင့်ပြုချက် ဖြေလျော့ပေးတဲ့အနေနဲ့ မကြာမီ Multiple- entry ဗီဇာ အမျိုးအစားကိုပါ ခွင့်ပြုပေးတော့မယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာန သတင်း ထုတ်ပြန်ချက်အရ သိရပါတယ်။
ဒီ Multiple- entry ဗီဇာ ရဖို့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှာ သီးသန့် လျှောက်ထားရမှာ ဖြစ်ပြီး ဗီဇာရရှိသူဟာ ၁ ကြိမ်ကို ၁၅ ရက်နဲ့ ၃ နှစ်တာ ကာလအတွင်း ဂျပန်ကို အကြိမ်ကြိမ် ၀င်ထွက်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ဒီလို Multiple- entry အပြန်အလှန်ပေးဖို့ နှစ်နိုင်ငံ သဘောတူထားပြီ ဖြစ်ပေမယ့် ဗီဇာရဖို့ ဘယ်လိုအရည်အချင်းနဲ့ ပြည့်မီရမယ်၊ ဘယ်လိုလူတွေ လျှောက်ထားနိုင်တယ်၊ ဘယ်အချိန်မှာ ဗီဇာ စ ထုတ်ပေးနိုင်မလဲ ဆိုတာကိုတော့ အသေးစိတ် မထုတ်ပြန်နိုင်သေးဘူးလို့ ရန်ကုန် ဂျပန်သံရုံး ဗီဇာဌာန တာဝန်ရှိသူတယောက်က ဖြေကြားပါတယ်။
လက်ရှိ ဂျပန်ကိုသွားတဲ့ မြန်မာနိုင်ငံသားတွေဟာ တကြိမ်အတွက် တကြိမ် ဗီဇာ လျှောက်ထားကြရတာ ဖြစ်ပါတယ်။
Credit: DVB burmese news
မြန်မာနိုင်ငံသားများအတွက် သုံးနှစ်သက်တမ်းရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာနိုင်သောဗီဇာ ဂျပန်အစိုးရ စတင်ထုတ်ပေး
Friday, January 17, 2014
ဂျပန်အစိုးရက မြန်မာနိုင်ငံသားများအတွက် သုံးနှစ်သက်တမ်းရှိ ဂျပန်နိုင်ငံသို့ အကြိမ်ကြိမ် ဝင်ထွက် သွားလာနိုင်သော ပြည်ဝင်ခွင့်ဗီဇာ (multiple-entry visa) ကို စတင်ထုတ်ပေးသွားမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးဌာနက ဇန်နဝါရီလ ၁၅ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
အဆိုပါ သုံးနှစ်သက်တမ်းရှိ ပြည်ဝင်ခွင့် ဗီဇာကို ဂျပန်-မြန်မာ သံတမန် ဆက်ဆံရေး နှစ် (၆၀) ပြည့် အထိမ်းအမှတ်အဖြစ် နှစ်နိုင်ငံ ကုန်သွယ်မှုများနှင့် ဖလှယ်မှုများ ပိုမိုပြုလုပ် လာနိုင်စေရန်နှင့် ဂျပန်-မြန်မာ ခရီးသွားလုပ်ငန်း ပိုမိုအားကောင်း လာစေရန်အတွက် ရည်ရွယ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ်လို့သည့် မြန်မာနိုင်ငံသားများ အနေနှင့် ယခင်က သတ်မှတ်ထားသော ခရီးစဉ်တစ်ခုအတွက် ပေးဆောင်ရမည့် ဗီဇာကြေး အမေရိကန်ဒေါ်လာ ၅၀ ကို ပေးဆောင်ရုံဖြင့် သုံးနှစ်သက်တမ်းရှိ အကြိမ်ကြိမ် ဝင်ထွက် သွားလာနိုင်သော ပြည်ဝင်ခွင့် ဗီဇာကို ရရှိမည် ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
အဆိုပါ ဗီဇာဖြင့် သုံးနှစ်သက်တမ်းအတွင်း တစ်ကြိမ်လျှင် ၁၅ ရက်ကြာ ဂျပန်နိုင်ငံတွင် သွားရောက် နေထိုင်နိုင်မည် ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံနှင့် ၁၉၅၄ ခုနှစ်ကပင် သံတမန် ဆက်ဆံရေး စတင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ၁၁ ခုမြောက် ကုန်သွယ်ဘက်နိုင်ငံ ဖြစ်လာသည်။
ဂျပန်အစိုးရသည် မြန်မာနိုင်ငံ ဖွံ့ဖြိုးရေးနှင့် အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များကို အထောက်အပံ့ ဖြစ်စေရန်အတွက် ဖွံ့ဖြိုးဆဲ နိုင်ငံများသို့ ပေးအပ်သည့် အတိုးနှုန်း သက်သာသော ဖွံ့ဖြိုးရေး ချေးငွေများ၊ အထောက်အပံ့များ၊ နည်းပညာဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများ ပြုလုပ်ပေးလျက် ရှိသည်။
Credit: The Voice Weekly