Search BOU's Itinerary

Monday, February 6, 2012

ဘန်ကောက်မြို့ ဘုရားဖူးခရီးစဉ်နှင့် ရေအောက်ကမ္ဘာ

ဘန်ကောက်မြို့ကို ရောက်လာခဲ့ပြီး ဘုရားဖူးမယ်၊ မိကျောင်းကန်ကို သွားလည်မည့်အပြင် ရေအောက်ကမ္ဘာကိုပါ လှည့်လည်ကြည့်ရှုနိုင်မည့် အစီစဉ်လေးတွေ ရေးပေးလိုက်ပါတယ်။

Day 1: Wat Emerald Buddha & Grand Palace and Crocodile 
 ဟိုတယ်မှာ မနက်စာစားပြီးနောက်  မြဘုရားနှင့် နန်းတော်သို့ သွားကြပါမည်။
မြဘုရားဝင်ကြေးမှာ ဧည့်သည်တစ်ဦးလျှင် ဘတ်(၄၀၀)ဖြစ်ပါသည်။

 ပြီးနောက် အဆင်သင့်သော နေရာတစ်ခုတွင် နေ့လည်စာ စားသုံးကြပြီး မိကျောင်းကန်သို့ သွားကြပါမည်။
ဘန်ကောက်မြို့တွင်း တစ်နေ့တာဘုရားဖူးအစီအစဉ်များ
အထက်ပါလင့်ကို နှိပ်၍ ဘုရားဖူးခရီးစဉ်များကို ဖတ်ရှုလေ့လာနိုင်ပါသည်။

မိကျောင်းကန်တွင် မိကျောင်းပြပွဲအပြင် ဆင်လိမ္မာပြပွဲ မျောက်လိမ္မာပြပွဲများကိုပါ လေ့လာကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် ကျားနှင့် အခြားသော တိရစ္ဆာန်များကိုပါ ပြသထားပါသည်။ မိကျောင်းသရေအစစ်ဖြင့် ချုပ်ထားသော အသုံးအဆောင်ပစ္စည်းများကိုလည်း ဝယ်ယူနိုင်ပါသည်။ မိကျောင်းကန်လက်မှတ်မှာ ဘတ် (၃၀၀)ဝန်းကျင်ဖြစ်ပါသည်။ 

Day 2: Under Water World
ရေအောက်ကမ္ဘာကြည့်ရှုလေ့လာရာတွင် တင်ဆက်ပုံများပေါ်မူတည်၍ လက်မှတ်အမျိုးမျိုးရှိရာ ဧည့်သည်များအနေဖြင့် နှစ်သက်ရာ အစီစဉ်နှင့် ဈေးနှုန်းကို ရွေးချယ်ဝယ်ယူနိုင်ပါသည်။ လက်မှတ်များမှာ ဘတ် (၅၀၀ မှ ၁,၅၀၀)အထိ ရှိကြပါသည်။

ရေအောက်ကမ္ဘာတွင် တစ်နေ့တာ လက်မှတ်မဟုတ်ပဲ အချိန်ပိုင်းလက်မှတ်ကိုသာ ယူထားမည်ဆိုပါလျှင် ယင်းနေ့ အချိန်ပိုပါက ရွှေဘုရားနှင့် တောင်ပေါ်ဘုရားများသို့ သွားရောက် ဘုရားဖူးနိုင်ရန် စီစဉ်ပေးပါမည်။

နှစ်ရက်တာအစီအစဉ်အတွက် ဧည့်သည် (၇)ယောက်စီးနိုင်သည့် ကားဖြစ်ပြီး ကားခနှင့် ဘာသာပြန်ခမှာ ဘတ်(၆,၅၀၀)ဖြစ်ပါသည်။ ဟိုတယ်ခများမှာ နှစ်ယောက်တစ်ခန်းလျှင် အနည်းဆုံး ဘတ်(၈၀၀ မှ ၁,၂၀၀)ဖြစ်ပါသည်။ ခရီးစဉ်တွင်း ဝင်ကြေးနှင့် စားသောက်များကို ကားသမားနှင့် ဘာသာပြန်ကိုပါ ဧည့်သည်ဘက်မှ ကုန်ကျခံရမည်ဖြစ်ပါသည်။

ယခုခရီးစဉ်အတွက် ဈေးနှုန်းများသည် ဖေဖေါ်ဝါရီနှင့် မတ်လ-၂၀၁၂ခုနှစ်အတွက်ဖြစ်ပါသည်။

“မြန်မာလူမျိုးများအတွက် ထိုင်းနိုင်ငံမှ bliss of us အဖွဲ့၏ ဝန်ဆောင်မှုများ”

ခရီးစဉ်များ စီစဉ်ပေးခြင်း -

ထိုင်းနိုင်ငံ ဗီဇာ -

လေယာဉ်လက်မှတ် -